In The House Podcast


ဘယ်မှမသွားဘဲ အိမ်မှာနေနေရတဲ့ သင်္ကြန်မှာ နားထောင်ဖို့ In The House Podcast Series တွေနဲ့မိတ်ဆက်ပေးချင်ပါတယ်။
(မသိသေးတဲ့လူရှိတယ်ထင်လို့ပါ)

Podcast ဆိုတာကတော့ ရှင်းရှင်းပြောရရင် Live Mixset တွေကို နားဆင်သူတွေအလွယ်တကူ လက်လှမ်းမီအောင် Episodes အလိုက် series ‌ပေါင်းများစွာဆက်တိုက် ဖန်တီးထားတာမျိုးပါ။



Local Producer Raxcon ကတော့ In The House Podcast တွေကို ဖန်တီးလာတာ 2016 နှစ်ကုန်ပိုင်းလောက်ကတည်းကပါ 🤯🤯

လတ်တလောထိတော့ Episodes 029 ကိုရောက်နေပြီဖြစ်ပါတယ် 💥💥
Episode 003 မှာတော့ BurmeseSmash, 008 မှာတော့ SKIMM နဲ့ 020 မှာတော့ ReTr0 တို့ ပူးပေါင်းပါဝင်လာကြပါတယ် 🤟🔥


Raxcon အနေနဲ့ In The House Podcast တွေကိုစတင်လုပ်ဖြစ်ပုံနဲ့ ရည်ရွယ်ချက်နဲ့ပတ်သက်ပြီးတော့

“In The House Podcast လေးတွေစလုပ်ဖြစ်တာကတော့ ပထမတစ်ခုက​ ကိုယ်ကြိုက်တဲ့သီချင်းလေးတွေကိုတစ်စုတစ်စည်းတည်းနားထောင်ချင်လို့ပါ ဒုတိယတစ်ခုကတော့ EDM Fan တွေကိုသီချင်းအသစ်​တွေ နားထောင်စေချင်တာရယ် ကိုယ်ကိုတိုင် EDM Festival တစ်ခုကိုရောက်သွားသလို ခံစားစေချင်တဲ့စိတ်နဲ့ လုပ်ဖြစ်သွားတာပါ” လို့ပြောထားပါတယ် 💛💛


In The House Podcast တွေကို Raxcon ရဲ့ Joox profile မှာနားဆင်လို့ရပါတယ် 💛

https://joox.page.link/HstcbV


Comments